ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူ ဦးဆောင်ပြီး ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ၃ရက်တာ ပြုလုပ်ခဲ့ပါတယ်။
ကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေကို ပြည်သူလူထုထံ ရှင်းလင်းတင်ပြပြီး ပြည်သူလူထုဘက်ကလည်း သူတို့ရဲ့ အခက်အခဲတွေကို ပြန်လည်တင်ပြကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
လူငယ်တွေ မူးယစ်ဆေးဝါး နဲ့ လောင်းကစားကို မပြုလုပ်ကြဖို့ တားမြစ်ထားတဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်။
ကရင်နီပြည်မှာ စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်တာကြောင့် စစ်ရှောင်ပြည်သူလူထုတွေအနေနဲ့ တပိုင်တနိုင် စိုက်ပျိုးရေး ပိုမိုပြုလုပ်ကြဖို့ကိုလည်း စစ်ရေးချုပ် ခူးရီးဒူက တိုက်တွန်းထားပါတယ်။