ကရင်နီပြည်နယ်၊ ဘောလမြို့မှာ မေလအတွင်းတိုက်ပွဲတွေကြောင့် အရေးပေါ်စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ၁၀၀ ကျော်ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“မြို့တွင်းတိုက်ပွဲဖြစ်မှာစိုးရိမ်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေက အဓိက စစ်ရှောင်ကြတာပေါ့၊ အဓိက ကားလမ်းမတွေက လမ်းပိတ်ထားတော့ တောတောင်ထဲ လမ်းဖောက်ပြီးသွားနေရတာမျိုးပေါ့” လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မေလထဲမှာ ဘောလခဲမြို့ထဲ တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ပြီး မြို့ထဲက ပြည်သူတွေက လက်နက်ငယ်ပစ်သံ စစ်ကောင်စီရဲ့ လက်နက်ကြီးထုတာတွေက မြို့ထဲ ပြန်ကျတာမျိုးတွေ ရှိလာလို့ စစ်ရှောင်ကြရတာမျိုးလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖက်က စစ်ရှောင်ဖို့မလိုကြောင်း ပြောပေမယ့် လက်နက်ကြီးတွေ မြို့ထဲထိ ကျရောက်နေလို့ စစ်ရှောင်ရတာပါ။
အရေးပေါ်စစ်ရှောင်လာရလို့ စားသောက်ဖို့ရိက္ခာတွေ၊ အသုံးအဆောင်တွေနဲ့ တောတောင်ထဲ စစ်ဘေးရှောင်နေရတဲ့အတွက် အခက်အခဲများစွာနဲ့ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။