ကရင်ပြည်နယ်တွင် ၆ လတာအတွင်း တိုက်ပွဲပေါင်း ၂၂၂၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၃၃၃ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဌာနချုပ်က ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၆ လအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့နှင့် အကြမ်းဖက် စစ်တပ်တို့ကြား တိုက်ပွဲပေါင်း ၂၂၂၂ ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၂၃၃၃ ဦးသေဆုံး ခဲ့ပြီး ၁၆၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ဘက်မှ ရဲဘော် ၅၅ ဦး ကျဆုံးပြီး ၁၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် များလည်း ပါဝင်ကြောင်း သိရသည်။