နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ် ဦးဆောင်တဲ့ Freedom Tattoo Campaign ဖြစ်မြောက်ရေးကော်မတီက ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်များ သောက်သုံးရေရရှိနိုင်ရေးအတွက် ရေသန့်စက်တလုံးကို အောင်မြင်စွာ တပ်ဆင် လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် စစ်ရှောင်စခန်း လေးခုအတွက် သောက်ရေသန့်ရနိုင်အောင်စီစဥ်နေလျှက်ရှိရာမှ ပထမ ဦးဆုံး ရေသန့်စက်တလုံးအား မေ ၇ ရက်နေ့က တပ်ဆင်ပေးခဲ့တယ်လို့ Freedom Tattoo Campaign ထံမှ သိရပါတယ်။
Freedom Tattoo Campaign ရဲ့ ကရင်နီပြည်နယ်၊ ဒီမော့ဆို မြို့နယ် စစ်ဘေးသင့်ပြည်သူများ သောက်သုံးရေ ပေးဝေမှု အစီအစဥ်မှာလည်း ဒါရိုက်တာ ကိုပေါက်မှ ဦးစီးဆောင်ရွက် ပေးနေ တယ်လို့ ဆိုပါတယ်။
မစ္စတာ ကင်မ် ဦးဆောင်တဲ့အဖွဲ့က သောက်သုံးရေ အခက်အခဲ ဖြစ်နေတဲ့ စစ်ရှောင်စခန်းများစီသို့ သွားရောက်ကာ၊ ရေအရင်း မြစ်ရှာဖွေတာ၊ ရေနမူနာ ယူတာ၊ စက်တပ်ဆင်မယ့် နေရာ လိုက်လံ စစ်ဆေးတာတွေကို လုပ်ဆောင်နေပြီး လာမယ့် တပတ်၊ နှစ်ပတ် အတွင်း မှာ သွားရောက် တပ်ဆင် မယ်လို့လည်း အသိပေး ထုတ်ပြန်ထား ပါတယ်။