ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြီ ဆောထိမြို့နယ်က ရီဖြူကန်ရွာကို ဂျန်နဝါရီ ၅ ရက်နိမာ စစ်ကောင်စီတပ်က လက်နက်ကြီး နန့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အချေ ၁ ယောက်အပါအဝင် ဒေသခံ ၄ ယောက်သီဆုံးပြီး ၁၆ ယောက် ဒဏ်ရာရဟိလားကြောင်း KNU က ထုတ်ပြန်ပါရေ။
စစ်ကောင်စီတပ်စွာ ဂျန်နဝါရီ ၅ ရက်နိ၊ မိုးထ ၅ နာရီလောက်မာ ရည်ရွယ် ချက်ဟိဟိ လက်နက်ကြီး (၁၂)လုံး ၊ Drone နန့် ဗုံးသီး (၆)လုံး ပစ်ခတ်တိုက်ခိုက်ခရာမာ ရီဖြူကန်ရွာထဲက နာရီးကျင်းပနီရေအိမ်တအိမ်သို့ ကျရောက် ပေါက်ကွဲခစွာ ဖြစ်ပါရေ။
အဆိုပါ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီဆုံးခရေ လူတိကတော့ခါ ဒေါ်အေးမာ (၃၅နှစ်) ၊ ဒေါ်စန်းပို (၅၅နှစ်) ၊ ဦးညွန့်တင် (၆၀နှစ်)နန့် ကိုဟိန်း (၁၄နှစ်) ရို့ဖြစ်ကတ်ပြီး ထိခိုက်ဒဏ်ရာရလူ ၁၆ ယောက်မာ အချေ ၂ ယောက်ပါဝင်ကြောင်း ဖော်ပြထားပါရေ။
အလားတူ ဂျန်နဝါရီ ၄ ရက်နိကလည်း စစ်ကောင်စီတပ် ခမရ (၂၀)တပ်စခန်းက ဆောထိမြို့နယ်ဟိ၊ ဝိုင်သစ်ဆိပ်ရွာကို လက်နက်ကြီး ၁၂၀-မမ (၅)လုံးပစ်ခတ်တိုက်ခိုက်ခပါသိမ့်ရေ။