ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလေးခရိုင် ဆေးတပ်ဖွဲ့ရုံးမှ ဦးစီးဖွင့်လှစ်တဲ့ ဆေးသင်တန်းကို မင်းကင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်းစုံမှ ဆေးတပ်သားများတက် ရောက်ခဲ့ကြတယ်လို့ PDF Taung Dwin Region-Mingin က ဒီဇင်ဘာ ၂၇ ရက်စွဲနဲ့ အသိပေးထားပါတယ်။
အပါတ်စဥ် (၂) ဆေးသင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ အဆိုပါ ဆေးသင်တန်းကို တက်ရောက်လာတဲ့ ဆေးတပ်ဖွဲ့ ၊ သင်တန်းသားများ ရာနှုန်းပြည့် သင်ယူတတ် မြောက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဆေးတပ်သား၊ ရဲဘော်များအား သင်ယူပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်များ ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထား ပါတယ်။