အကြမ်းဖက်စစ်ကောင်စီက ကလေးငယ်များနဲ့အတူ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ပြန်လွှတ်ပေးရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသား များကွန်ရက်က တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အကျဥ်းထောင် အသီးသီးမှ နိုင်ကျဥ်းမိခင် (၁၅) ဦးတို့မှာ လက်ရှိအချိန်ထိ အင်းစိန် ထောင်မှာ ၁ ဦး၊ ဒိုက်ဦးထောင်မှာ ၂ ဦး၊ သရက်ထောင်မှာ ၁ ဦး၊ အိုးဘိုဗဟိုထောင်မှာ ၁ ဦး၊ မကွေးထောင်မှာ ၁ ဦး၊ ကျိုက်မရော ထောင်မှာ ၅ ဦးတို့ ကလေးငယ် များနဲ့အတူ အကျဥ်းကျခံနေရတယ် လို့ပြောပါတယ်။
အခုအချိန်ထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အကျဥ်းထောင်အသီးသီးမှ နိုင်ကျဥ်းမိခင်များကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက်မှ တောင်းဆိုစာကို ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။
လက်ရှိဖော်ပြခဲ့တဲ့ နိုင်ကျဥ်းမိခင် စာရင်းများက မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် မှ အတည်ပြု လက်လှမ်း မှီရ ရှိထားတဲ့ စာရင်းသာဖြစ်ပြီး၊ မြေပြင်အခြေအနေ များမှာ အခု ထက်ပို များနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။