စစ်ကိုင်းတိုင်း၊ ကလေးမြိုအနောက်ဘက် သင်္ဘောပင်ကွင်းရွာ အနီးမှာ ဇန် နဝါရီ ၂၄ ရက်နေ့က စစ်တပ်နှင့် တော်လှန်ရေး တပ်တွေ တိုက်ပွဲဖြစ်ပြီး စစ် တပ်က ပြည်သူ ၆ ဦးကို ဓားစာခံ လူသားဒိုင်း အဖြစ် ဖမ်းဆီးကာ ၁ ဦး ကို သတ်ဖြတ် ထားခဲ့တယ်လို ဒေသခံ တွေဆီကသိရပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ ကလေးမြိုပေါ် စစ်ကောင်စီတပ်က သင်္ဘောပင်ကွင်းရွာကို စစ်ကြောင်းထိုးရာမှာ ဒေသခံ တော်လှန်ရေးတပ်ဖွဲဝင် တွေနဲ့ ၁၅ မိနစ်ဝန်းကျင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာခံပြည်သူ ၆ ဦးကို ဓားစာခံ လူသား ဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့တာဖြစ်တယ်လိုသိရပါတယ်။ ဓားစာခံ ၆ ဦးထဲက အသက် ၂၇ နှစ်အရွယ် ကိုလားလ်ဗျက်မွန်နာ ကို သတ်ဖြတ်ခဲ့တယ်လို သိရပါတယ်။
” သူတိုက မြိုအနောက်ပိုင်းဘက် စစ်ဆေးတာတွေလုပ်နေတာ လချီပြီ။ မြို အထွက် ဟိုဘက်ကိုဆို သိပ်မထွက်ရဲဘူး။ ခုလည်း အထက်အမိန့်အရ ထွက် ရတဲ့ပုံစံပဲ။ တော်လှန်ရေးတပ်ဖွဲတွေကို မနိုင်တော့ ပြည်သူကိုလုပ်တယ်။ သတ် တယ်ပေါ့။ မြိုထဲစစ်ဆေးတဲ့နေရာမှာလည်း ငွေညစ်ရိုက်နှက်တာတွေရှိတယ်” လို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ကလေးမြိုနယ်ဟာ ဒေသခံကာကွယ်ရေး တပ်ဖွဲတွေ အားကောင်းတဲ့ ဒေသ ဖြစ်ပြီး မြိုနယ်တောင်ပိုင်းနှင့်အနောက်မြောက်ပိုင်းတွေကို ကာကွယ်ရေး တပ်ဖွဲ တွေက စိုးမိုးထားတယ်လို ဒေသခံတွေဆီကသိရပါတယ်။
ကလေးမြိုပေါ်စစ်ကောင်စီတပ်ဟာ မြိုထဲနဲ့မြိုအနောက်ပိုင်းဝန်း ကျင်တွေ ကိုသာ မကြာမကြာ စစ်ဆေးတာတွေလုပ်လေ့ရှိတယ်လိုဆိုပါတယ်။
စစ်တပ်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ပြည်တော်သာကျေးရွာက အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ဦးကို လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ကာ အလောင်း ဖျောက်ခဲ့ ပါတယ်။ မိသားစုဝင်တွေက သတ်ဖြတ်အလောင်းဖျောက်ခံရတာကို ဇန်နဝါရီ ၂၂ ရက်နေ့မှ သိကြရတယ်လို ဒေသခံတစ်ဦးကပြောပါတယ်။