ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ ၁၀ (YCW ကျောင်းအနောက်ဘက်)တွင် စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲလို့ ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်။
ယနေ့ ဇွန် ၅ ရက်ည ၁၀ နာရီတွင်ဖြစ်ပွားခဲ့တာပါ။ လက်နက်ကြီးဟာ လူနေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲတာဖြစ်တယ်။ လူကြီး ၄ ဦးကတော့ ဒူး၊ ဝမ်းဗိုက်၊ လက်မောင်းတို့တွင်ဒဏ်ရာရရှိပြီး ကလေးငယ်မှာ လက်နက်ကြီးစအနည်းငယ်ထိမှန်ပါတယ်။
လက်နက်ကြီးဟာ ဘယ်ကနေပစ်မှန်းမသိရပါ။
ယနေ့ညပိုင်းမှာ ကလေးမြို့ကနေ အမြောက် ဖြင့် လက်ပံချောင်းရွာထဲထပ်မံပစ်ခတ်လို့ လူထိခိုက်မှုရှိတယ်လို့သိရတယ်။