စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျေးရွာတစ်ရွာတွင် သပိတ်ကော်မတီဝင်များက ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဟောပြောပွဲကို ယနေ့ (ဇွန်လ ၂၁) နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် သပိတ်ကော်မတီဝင်များက ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်၊ “ကျေးလက်ပုန်ကန်၊မြို့ပြဖီဆန်” ဆိုသည့် စာသားအတိုင်း တော်လှန်ရေးမီးစာအမြင့်ဆုံးသို့ မြင့်တင်ကာ နိုင်ရာကဏ္ဌအသီးသီးမှ ပါဝင်တိုက်ပွဲဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ကလေးမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသော်လည်း တော်လှန်ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ဖော်ဆောင်လျက်ရှိသည်။