စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကလေးမြို့နယ်သပိတ်ကော်မတီနှင့် တော်လှန်သော ပြည်သူလူထု အတူပူးပေါင်းကာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကိုမင်းကိုနိုင်၊ ကိုတေဇာဆန်းနှင့် ရွှေဝါရောင် တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆရာတော်အရှင်ထာဝရတို့မှ ပေးပို့သော သတင်းစကား ရုပ်သံမှတ်တမ်းများ ဖွင့်ကြား၍ စစ်အာဏာရှင်အမြစ်ပြတ်ရေး လူထုလှုပ်ရှားမှု သပိတ်တရားများ ဟောကြားခဲ့ကြသည်။
အဆိုပါအစီအစဉ်တွင် တော်လှန်ရုပ်ရှင် တစ်ကားဖြစ်သည့် ” မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ပြသခဲ့ကြောင်း သိရှိရသည်။