ကလေးမြို့တွင် ဘောလုံးကစားရန်ပြင်ပသို့ဆိုင်ကယ်ဖြင့် ထွက်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က သေန-တ်ဖြင့် ပစ်ရာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွားသည်။
ဝာာဟန်းရပ်ကွက်တွင် ယမန်နေ့(အောက်တိုဘာလ ၆ရက် ညနေ ၂နာရီခန့်ကဆယ်ကျော်သက် လူငယ်လေးဦးသည် ၎င်းတို့အိမ်နှင့် မလှမ်းမကမ်းရှိ ဘေားလုံးကွင်းသို့ သွားစဉ် အသက် ၁၇ နှစ်အရွယ် မောင်လျန်မွမ်းစိန်စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။
“ကလေးက ဘောလုံးကန်ဖို့ ကွင်းကို သွားတာ။ အဲ့ဒါကို တာဟန်းဘုရားကျောင်းနားကနေ ပစ်တာ။ လေးယောက်မှာ တစ်ယောက်ထိပြီး Thayဆုံးတယ်။ ကျန်ကလေးတွေ ထွက်ပြေးလွတ်မြောက်လာတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
မောင်လျန်မွမ်းစိန် Thayဆုံးမှုအတွက် စစ်ကောင်စီက မည်သို့ ဆက်လက်ဆောင်ရွက်မည်ကိုမူ နောက်ဆက်တွဲ မသိရသေးပေ။
စစ်ကောင်စီသည် အကြမ်းဖက်မှုများပိုမိုပြူလုပ်လာ၍ နိုင်ငံတကာအနေဖြင့်ထိထိရောက်ရောက်အရေးယူပေးရန် အောက်တိုဘာလ ၄ရက်က ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသွားသည်။
ကလေးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ရက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားလေးဦးသေဆုံးခဲ့သည်။ စစ်ကောင်စီသ်ေယနေ့(အောက်တိုဘာ ၇ရက်) နံနက်တွင်လည်း ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးဗော်လ်ကာ တတ်ခ်ကလည်း မြန်မာ ပြည်သူများသည်စစ်တပ်၏ နေ့စဉ်နှင့် အမျှ ဆိုးယုတ်ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ကြုံတွေ့နေပြီးမျှော်လင့်ချက်များတတိတိ ပြိုကျနေကာလူနေမှု ဘဝအခြေအနေများလည်း ပျက်စီးနေကြောင်း စက်တင်ဘာ ၂၆ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာပြောကြားခဲ့သည်။ ထိုအခြေအနေမှာ မြန်မာ့အရေးကို ICCက လက်လွှဲ ကိုင်တွယ်စေသင့်ပြီဟုလည်း ၎င်းက ထောက်ခံပြောကြားခဲ့သည်။