စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးနှင့် မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။
ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီအနေဖြင့် ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် မတရားစစ်မူထမ်း ဥပဒေကို ကန့်ကွက်သည့် လူထုအသိပညာပေးဟောပြောပွဲကိုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါအစီအစဉ်တွင်
လေယာဉ်ဗုံးကြဲမှုနှင့်လက်နက်ကြီးဘေးအန္တာရာယ်ကြိုတင်ကာကွယ်ရေးအတွက်ဟောပြောမှုများပြုလုပ်ကာ၊ တော်လှန်ရုပ်ရှင်ဇာတ်ကားကြီးများအား ပြသခဲ့ကြကြောင်း သိရှိရသည်။