စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မှာ ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့ည ၇ နာရီ ၁၅ မိနစ်လောက်ကနေ အော်ရီဒူးဖုန်းလိုင်းများ စတင်ပြတ်တောက်ခဲ့ပြီး ည ၈ နာရီ ၁၁ မိနစ်ခန့်မှာတော့ အခြားအော်ပရေတာဖုန်းလိုင်း၊ Wifi လိုင်းများအားလုံး အခုထိပြတ်တောက်နေဆဲဖြစ်ပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက်မှာတော့ MPT ဖုန်းလိုင်းပြန်ရခဲ့ပေမယ့် ကလေးမြို့၊တံတားဦးကနေ ၉ မိုင်ရပ်ကွက်အထိ မြို့တွင်းမြို့လယ်နားလောက်ထိပဲ MPTဖုန်း ခေါ်လို့ရတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
ကံထူးမနဲ့ သက္ကယ်ကျင်းကြား Fiber ပြတ်နေတဲ့အတွက် ပြန်လည်ပြုပြင်ရန်ကြိုးပမ်းနေပြီးလမ်းခရီးအပေါ်မူတည်နေတဲ့အတွက် အော်ရီဒူးဖုန်းလိုင်းများပြန်လည်ရရှိရန်မှာ အချိန်ကြာမြင့်နိုင်တယ်လို့ ကလေးမြို့က 9Plus Fiber Internet က အောက်တိုဘာ ၁၂ ရက်နေ့မှာ ၄င်းတို့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက်က တစ်ဆင့်ဖော်ပြထားပါတယ်။
ချင်းပြည်နယ်၊ မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ တီးတိန်မြို့နယ်ဘက်လည်း ဖုန်းလိုင်းပြတ်တောက်နေပါတယ်။