စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ တိုက်ပွဲအရှိန်မြင့်တင်တော့မှာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်စခန်းနှင့်ပျူစောထီးကျေးရွာအနီးက ပြည်သူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရှောင်ကြဖို့ ကလေးခရိုင်၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပါတယ်။
” ကလေးမြို့အနောက်ပိုင်းက ဟာတွေလည်း ရှောင်နေကြသူတွေရှိသလို၊ နေတဲ့သူတွေလည်းရှိတယ်။ သာစည်ရွာမှာလည်း စစ်ကောင်စီတပ်စွဲထားပေမယ့် ပြန်နေတဲ့သူ တွေရှိတယ်” လို့ ကလေးမြို့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။
ကလေးမြို့အနောက်ပိုင်းဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ မကြာမကြာ တိုက်ပွဲဖြစ်ရာနေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ကလေးမြို့ အနောက်ပိုင်း ဒိိုးဝိုင်းချောင်းရွာ နှစ်ဖက်တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားလေးဦးထိသေဆုံးခဲ့ရပါတယ်။
” ခုတော့မနေရဲကြဘူး။ ရှောင်နေကြတယ်” လို့ ဒိုးဝိုင်းချောင်းအနီးက ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ကလေးမြို့တောင်ဘက် သာစည်ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး ရွာထဲမှာ တပ်စွဲထားပါတယ်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုကြောင့် ရွာသူရွာသားတချို့ ရွာမှာပြန်နေတာမျိုးရှိတယ်လို့ သိရပါတယ်။
” မြို့ပေါ်မှာ အိမ်ငှားမရလို့၊ အိမ်လခပေးစရာမရှိလို့ပြန်နေတာရှိတယ်။ နည်းတော့နည်းတယ်။ ပြန်နေပြီ စစ်သားတွေက ကင်းစောင့်ခိုင်းလို့ ပြန်ပြေးလာတာတွေလည်းရှိတယ်” လို့ သာစည်ရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ကလေးမြို့ပေါ်မှာလည်း စစ်တပ်လေးခုလောက်တပ်စွဲထားပြီး အဆိုပါတပ်တွေဟာ လူမေအိမ်တွေနဲ့ဆက်စပ်နေတာဖြစ်ပါတယ်။
” ပစ်တာခတ်တာတွေကတော့ နေ့တိုင်းကြားနေရတာပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာကြိုပြောဖို့ခက်တယ်။ လာမှပဲလာသလို ကြည့်စီမံရမှာပေါ့။ ရွေ့ပြောင်းဖို့တော့ခက်သေးတယ်” လို့ ကလေးမြို့ခံတစ်ဦးကဆိုပါတယ်။
ကလေးမြို့ဟာ စစ်ကောင်စီကိုတော်လှန်အားကောင်းတဲ့မြို့ဖြစ်ပြီး မြို့ပေါ်ကလွဲရင် မြို့နယ်ဒေသတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အဓိကနယ်မြေစိုးမိုးထားတာဖြစ်ပါတယ်။
” တော်လှန်ရေးကတကယ်အရှိန်ကောင်းနေပြီဆိုတော့ ပေါ့လို့မရဘူး။ မြို့ထဲကနီးတဲ့သူတွေ တတ်နိုင်သလောက်အစီအစဥ်လေးတွေစဥ်းစားထားသင့်တယ်။ အသက်ဉာဏ်စောင့်ဆိုသလိုပေါ့” လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။
See Translation
All reactions:
17K17K