စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ စက္ကန့်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက္ကန့်ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နေအိမ်အများအပြားကို စစ်သားများက မီးရှို့ဖျက်ဆီးထားပြီး အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“ လေး ၊ ငါးရက် နားလိုက် ပြန်ရှို့လိုက်နဲ့ ။ ဒီနေ့ကတော့ ၂ ကြိမ်။ အခုထိရှို့တုန်းပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောကြားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက္ကန့်ကျေးရွာအတွင်းမှ အနီးအနားရှိ ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး လက်ရှိချိန်တွင် ဒေသပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။