စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ သာစည်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကာ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး အဖွဲ့များလည်း တိုက်ပွဲဖြစ်ပွားမှု ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ရွာထဲ ဝင်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အကြီးအကျယ်ကို အခုရှို့နေတာ။ သူတို့ ရှိနေတာ ရွာထဲမှာ။ တိုက်အိမ်တွေကိုလည်း JCB တွေနဲ့ ဖြိုသွားတယ်။ ပစ်ခတ်နေရင်း ခွေးဘက်က တဖြေးဖြေးတိုးပြီး တက်လာရင်း မီးပါတခါတည်းရှို့တဲ့အဖွဲ့ကရှို့ လုပ်နေတာ တပြိုင်ထဲ။ ရေရှည်တိုက်ဖို့နဲ့ ပြန်အရယူနိုင်ဖို့ဆို ကျည်လိုအပ်ချက်တွေ ရှိနေတယ် ။ အားလုံးကကူညီပံ့ပိုးပေးကြရင် အမြန်ဆုံးပြန်လည်ရယူနိုင်မှာပါ”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်။