စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နန်းချောင်းရွာရှိ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းတံခါးများနှင့် ပစ္စည်းတချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
နန်းချောင်းရွာစာသင်ကျောင်းကို နန်းချောင်းရွာနှင့် ၁ မိုင်ကျော်ခန့်ဝေးသော အောင်မြင်သာရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ နန်းချောင်းရွာထဲကို ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူအားလုံး ဘေးလွတ်ရာ တိမ်းရှောင်နေကြသည့်အတွက် လူထိခိုက်သူမရှိကြောင်း သိရသည်။
ကလေးမြို့နယ်အတွင်း ဒေသ တော်လှန်ရေး တပ်ဖွဲ့များနှင့် အကြမ်းစစ်ကောင်စီတပ်များ စစ်ရေး တင်းမာနေပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစတင်ကာ နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ကလေးမြို့နယ်တောင်ပိုင်း ထိုမာရွာနှင့် မှန်တောရွာဘက်တွင်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။