စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရှုခင်းသာကျေးရွာ စာသင် ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ် ယာဉ်ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း CNO Upper Chindwin Refion- UCR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။
ယနေ့ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ကလေးမြို့နယ်၊ လက်ချောင်း-ရာဇဂြိုလ်လမ်းပေါ်ရှိ ရှုခင်း သာကျေးရွာနှင့် စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၁ စီးဖြင့် လာရောက်ပြီး ၅ မိနစ်ခန့် တရပ်စပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကလေးမြို့ကနေ တက်လာတဲ့ ရဟတ်ယာဉ်လို့ပဲ ယူဆရတယ်၊ ၅ မိနစ်လောက်ပဲ ကြာတယ်၊ ပစ်ပြီး ပြန် ဆုတ်သွားတာ၊ ဘာတိုက်ပွဲမှ မရှိပါဘူး၊ ကျောင်းမှာ အစည်းအဝေးလုပ်တယ်ဆိုတာ သိလို့လာ ပစ်တာပါ၊ လက်နက်ကြီးတွေနဲ့ ထုနေတယ်၊ အကြိမ်အရေအတွက်တော့ မသိရသေးဘူး၊ ထိခိုက်ပျက်စီး မှုလဲတိတိကျကျ စာရင်းကောက်လို့မရသေးဘူး” ဟု CNO Upper Chindwin Refion- UCR မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
အဆိုပါရှုခင်းသာကျေးရွာ စာသင်ကျောင်းတွင် ကျေးရွာ လူကြီးများ အစည်းအဝေး ကျင်းပနေစဉ် ပစ် ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လူနေအိမ်ထိခိုက်မီးလောင်ပျက်စီးမှုကို အတိ အကျမသိရသေးကြောင်း CNO Upper Chindwin Refion- UCR က ထုတ်ပြန်ထားသည်။
ထို့ပြင် မွန်းလွဲ ၁၁ နာရီ ၃၇ မိနစ်တွင် ကလေးမြို့တွင်းမှ အမြောက်တပ်မှ လက်နက်ကြီးဖြင့် တစ်ကြိမ် ပစ်ခတ်ခဲ့ပြီး ကလေးမြို့မြောက်ပိုင်းရှိ မိဘပြည်သူများအနေဖြင့် ဂရုတစိုက်နေထိုင်ကြ စေလိုကြောင်း နေပြည်သူများက လူမှုကွန်ယက်မှ တဆင့် သတိပေး ပြောဆိုထားသည်။