စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ပိုင်း၊ စက္ကန့်ကျေးရွာဖက်ကို ဒီကနေ့ အောက်တိုဘာ ၇ရက်နေ့မနက် ၈နာရီဝန်းကျင်ကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကလေးမြို့၊ အမြောက်တပ်ကနေလည်း ၉ ကြိမ်ထက်မနည်း လက်နက်ကြီးနဲ့ ကလေးအနောက် တောင်ပိုင်းကို ပစ်ခတ်နေပြီး အော်ရီဒူး၊ MPT ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်လို့သိရပါတယ်။
ကလေးတောင်ပိုင်း၊ စက္ကန့်ကျေးရွာအစွန်ပိုင်းမှာရှိတဲ့ အိမ်နှစ်လုံးကိုလည်းမီးရှို့ခဲ့ပြီး အင်အားအလုံးအရင်းနဲ့ တောင်ပိုင်းထဲထိ ဝင်ဖို့လုပ်နေတဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။
အောက်တိုဘာ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ကလေး အနောက်တောင်ဘက် စီးစံကျေးရွာနဲ့ သုံးအုပ်စုကျေးရွာဘက်သို့ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့သိရတယ်။ ဒါကြောင့် မြောင်းစုံ၊ သုံးအိမ်စု၊ စက္ကန့်ကျေးရွာက ပြည်သူများ တိမ်းရှောင်ခဲ့ကြတယ်လို့သိရတယ်။