စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ယောက်ချိုကွင်းရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်တပ်စွဲကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေဒေသပြည်သူများက ပြောကြားသည်။
ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ အကြမ်းဖက်စစ်တပ်က ကလေးမြို့နယ်၊ ယောက်ချိုကွင်းရွာထဲသို့ ဝင်ရောက်တပ်စွဲနေခြင်း ဖြစ်ပြီး ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“အခုက ဘယ်သူမှ ရွာထဲ ဝင်လို့မရဘူး ဒီကောင်တွေက ရှိတော့ ။ ယောက်ချိုကွင်းရွာ အကုန်လုံးနီးပါး ပုန်းနေရတယ်။ မီးခိုးငွေ့မြင်တာနဲ့ စစ်ခွေးတွေက လှမပစ်တယ်။ ဒီခွေးသူတောင်းစားတွေက ရွာကလည်း မထွက်ဘူးဆိုတော့ အောက်လမ်းကနေ ကလေးဘက်ကို ကူးကြတာပေါ့”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ယောက်ချိုကွင်းမှ အိမ်ခြေ ၃ ပုံ ၂ ပုံခန့်ကို မီးရှို့ ဖျက်ဆီးထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။