စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ် မြောက်ပိုင်း ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး များနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ စစ်ရှောင်ပြည်သူတွေ တောထဲ မှာ တဲထိုး နေထိုင်မှု များလာတယ်လို့ ကလေး မြို့နယ် လူသားစာနာ တာဝန်ခံက ပြောပါတယ်။
ကလေးမြို့ အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ တိုင်းဗဟိုရ် (၁၀) ၊ အမှတ် ၂၂၈ တပ်ရင်း၊ ဒကစ ဌာနချုပ်တွေကနေ ဖေဖော်ဝါရီ ၂၁ ရက်နေ့က စတင်ကာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ၊အရပ်သားတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာပါ။
” အခု မြို့ပေါ်ကို စစ်ကြောင်းထိုးတာမရှိဘဲ လက်နက်ကြီးတွေနဲ့ နေ့ ရော ညပါ တနေကုန် ပစ်ခတ်နေတာ အနည်းဆုံး ငါးချက် နဲ့ ဆယ်ချက် အထက်ရှိတယ်”လို့ ကလေး မြို့နယ် လူသားစာနာ တာဝန်ခံက ပြောပါတယ်။
သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက မြေပြင် ကွင်းဆင်း ပြီးတော့ စစ်ရှောင်စခန်းတွေထံကို လိုအပ်သလို ကူညီပေးသွားဖို့ စီစဥ် နေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ ကလေးမြို့နယ် မြောက်ပိုင်း ကျေးရွာ ငါး ရွာက စစ်ရှောင်အိမ်ခြေ ၁၅၀၀ ကျော်ခန့် ရှိနေပြီးတော့ စစ်ရှောင်ပြည်သူ ၃ သောင်း ဝန်းကျင်ခန့် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။