စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ပေါ်မှာ အောက်တိုဘာလ လဆန်းပိုင်းကစပြီး လျှပ်စစ်မီတာ ဆောင်ကြဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လျှပ်စစ်ဝန်ထန်းတွေက ဖိအားပေးလာတယ်လို့ တာဟန်းရပ် ကွက်က ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားပြီး လျှပ်စစ်ဝန်ထမ်းအချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ တာဟန်းရပ်ကွက်နဲ့ ကြို့သုံးပင်ရပ်ကွက်ကဒေသခံတွေရဲ့နေအိမ်တွေကိုဝင်ရောက်ပြီး မီတာဆောင် ကြဖို့ ပြောဆိုသွားတယ်လို့ တာဟန်းရပ်ကွက်က ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။
“တာဟန်းနဲ့ကြို့သုံးပင်အဲ့ဖက်တွေကို အခုတလောသွားပြီးတော့ မီတာဆောင်ဖို့ပြောတာပေါ့နော်၊မြို့ထဲ စုပေါင်းရုံးမှာ သွားဆောင်ကြဖို့ပြောတယ်၊ မဆောင်ချင်တဲ့သူတွေကိုတော့ မီးဖြတ်မယ်လို့ ပြောသွား တယ်”လို့ပြောပါတယ်။
မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေဟာ လျှပ်မီ တာအခွန်ကောက်နိုင်ဖို့အတွက် ကြိုးစားခဲ့ကြပေမယ့် လျှပ်စစ်ဝန်ထမ်းအချို့ ပစ်ခတ်သတ်ဖြတ် ခံရတာတွေရှိနေပြီး အခုလို မီတာဆောင်ဖို့အတွက် ဖိအားပေးတာ အခုနဲ့ဆို(၃)ကြိမ်မြောက်ရှိပြီလို့ သူက ဆက်ပြောပါတယ်။
အဲ့ဒီအပြင် အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့ ထရန်ဖော်မာ တွေကို လျှပ်စစ်ဝန်ထမ်းတွေက လာရောက်ပြင်ဆင်ပေးတာတွေမရှိတဲ့အတွက် ကိုယ်ထူကိုယ်ထနဲ့ တပ်ဆင်ရတာတွေလဲရှိနေသလို လျှပ်စစ်မီးလာတဲ့အချိန်ဟာလဲ တစ်ရက်ကို (၇)နာရီသာ လာလေ့ရှိပြီး လာတဲ့အချိန်တွေဟာလဲ ညဖက်လူတွေအိပ်တဲ့အချိန်မှာသာ လာလေ့ရှိတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။