စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မြို့နယ်သပိတ်ကော်မတီက ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု လမ်းလျှောက်သပိတ်ကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မုန်လိုင်ခက်ဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်မှုမှာ ကချင်ပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းနဲ့ သွေးစည်းညီညွတ်ရေးအတွက် လူထုချီတက်ပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဆန့်ကျင်ဆန္ဒပြပွဲမှာ တော်လှန်လူငယ်တွေပါ ပါဝင်ပြီး သပိတ်တရားဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
အာဏာရှင်ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ကြားကပဲ ကလေးပင်မသပိတ်အင်အားစုဟာ လှုပ်ရှားမှုတွေကို နေ့တိုင်းနီးပါးလုပ်နေတယ်လို့ သပိတ်အဖွဲ့ဝင်တွေက ပြောပါတယ်။
အခုဆိုရင် ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး သပိတ်လှုပ်ရှားတာ အာဏာသိမ်းပြီးချိန်ကစလို့ ရက်ပေါင်း တစ်ထောင်ကျော်အထိ ရှိနေပြီလို့ ပြောပါတယ်။