စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ လက်ပန်ချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင် ၂၆ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကလေးမြို့ အခြေစိုက် အမြောက်တပ်က လက်ပန်ချောင်းရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ၁ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လက်ပန်ချောင်းကျတာ ညက ။ ပထမအလုံးကျတာ အိမ်ခြံစည်းရိုးနား ဘေးပတ်လည် အိမ်က ကလေးတွေ ထိတာ ။ တစ်လုံးက ရွာပြင်ကျတာ။ ထိတာ ၂၀ ကျော် အရွယ်တွေ “ ဟု ဒေသပြည်သူတစ်ဦးက ပြောပြသည်။
အကြမ်းဖက် စစ်တပ်က ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။