ကလေးဒေသအတွင်းရှိ ကျေးရွာတစ်ရွာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင် “THE WAY” ရုပ်ရှင်ဇာတ်ကားကို ပြသခဲ့သည်။
ထို့နောက် နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်တွဲတိုက်ပွဲကြသော တိုင်းရင်းသားညီနောင်အဖွဲ့အစည်းများနှင့်အတူ ရပ်တည်ကြောင်း ထောက်ခံပွဲ အစီအစဉ်တရပ်ကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။