စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်တွင် Non CDM များ၊ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်အဖွဲ့အစည်းများအားလုံး ပြည်သူဘက်သို့ အမြန်ဆုံး ပူးပေါင်းကြရန် စစ်တပ်နှင့် ဆက်စပ်နေရာများအနီးသို့ ပြည်သူများ သွားလာနေထိုင်ခြင်း မပြုရန် ကလေးခရိုင် အမှတ် ၉ တပ်ရင်း (Kalewa PDF) က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် သတိပေးချက် တစ်ရပ် ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ ဒေါက်တိုင်အဖြစ် လုပ်ကိုင်နေကြသည့် Non CDM များ၊ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်သည့် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်ရှိ လုပ်နေသည်များ ချက်ချင်းရပ်တန့်၍ ပြည်သူဘက် အမြန်ဆုံးပူးပေါင်းကြရန်လိုအပ်ကြောင်း၊ ပြည်သူများအနေနှင့် အသက်အန္တရာယ် ကင်းရေးအတွက် အကြမ်းဖက်စစ်တပ် သွားလာမှုများသည့် နေရာများကို သွားလာမှု မလုပ်ရန်၊ ကလေးဝမြို့ မြို့မ ရဲစခန်း၊ အောင်းချမ်းသာ နယ်မြေရဲစခန်း၊ မစိန် နယ်မြေရဲစခန်းများ၏ အနီးတစ်ဝိုက်တွင် နေထိုင်းခြင်း မပြုကြရန်၊ အဆိုပါ စခန်းများနှင့် အနည်းဆုံး မီတာ ၅၀၀ အကွာခွာ၍ နေထိုင်ကြရန် နှင် ကလေးခရိုင် အမှတ် ၉ တပ်ရင်း (Kalewa PDF)က သတိပေးသည်။
ကလေး၀မြို့နယ်တွင် ထုတ်ပြန်ထားသည့် သတိပေးချက်များကို မလိုက်နာပါက ဖြစ်ပေါ်လာနိုင်သည့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကို တာဝန်ယူမည်မဟုတ်ကြောင်း ကလေးခရိုင် အမှတ် ၉ တပ်ရင်း (Kalewa PDF) က ပြောဆိုထားသည်။