စစ်ကိုင်းတိုင်း အမှတ်(၁) စစ်ဒေသ၊ကလေးခရိုင် တပ်ရင်းတပ်ဖွဲ့ ၁၀ဖွဲ့ စုပေါင်းပြုလုပ်သော “ပရောဂျက် ထင်းစည်း” ကမ်ပိန်းသည် ရက်၂၀ ကျော်ရှိလာခဲ့ပြီးဖြစ်သော်လည်း သတ်မှတ် ငွေကြေး၏ ၆၃% သာရရှိသေးကြောင်း နိူင်ငံတကာ Fundraiser Team ဖြစ်သည့် We are One က စက်တင်ဘာ ၂၁ ရက်နေ့၌ ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။
“ပရောဂျက်ထင်းစည်း” ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် Chain Of Command တစ်ခုထဲတွင် စုစည်းတာဝန်ထမ်းဆောင်နေသော ကလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။
ပရောဂျက်အတွက် ရည်ရွယ်ကာ ကလေးပြည်သူ့ကာကွယ်ရေးတပ်သားများ ကိုယ်တိုင် ဖန်တီးတင်ဆက်ထားသော “ပြည်သူ့မာန်”၊ “မြူနှင်းဝေ” စသည့် တေးသီချင်းရုပ်သံများကိုလည်း Padaythar-P2P Youtube Channel တွင် ဝင်ရောက်နားဆင်နိုင်ပြီးပရောဂျက်ထင်းစည်းအတွက် ထင်းချောင်းလေးများအဖြစ် ပါဝင်ပေးကြပါရန် ကလေးပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြည်သူများကို နှိုးဆော်ထားပါသည်။
“ပရောဂျက်ထင်းစည်း”ကမ်ပိန်းမှ ရရှိလာသော ငွေကြေးများအားလုံးသည် မြေပြင်လိုအပ်ချက်များဆီတိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ကာ ပိုမိုပြင်းထန်လာမည့် တိုက်ပွဲများအတွက် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ ထောက်ပံ့မှုလိုအပ်ကြောင်း ကာကွယ်ရေးရဲဘော်များက ပြောဆိုထားသည်။