ပဲခူးတိုင်း၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်နေတဲ့ ” မိုးဦးလက်ဆောင် ” ကျည် (၅ထောင်) ကမ်ပိန်းဖွင့်ပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးမောင်မောင်ဆွေ တက်ရောက်ခဲ့တယ်လို့ KAWA PDF က ဒီနေ့မှာ အသိ ပေးပါတယ်။
KAWA PDF ရဲ့ ကျည် ၅၀၀၀ ကမ်ပိန်းဖွင့်ပွဲကို ဇွန် ၉ ရက် ညနေ ၅ နာရီ အချိန်မှာ အွန်လိုင်းက တဆင့်ပြုလုပ်ခဲ့ရာ၊ အတွင်းဝန် ဦးမောင်မောင်ဆွေ နဲ့ ခရိုင် ပကဖ တာဝန်ခံများ၊ မိတ်ဖက် တော်လှန် ရေး အဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပ ထောက်ပို့ ရဲဘော်များက ကမ်ပိန်း အောင်မြင်ရေး အတွက် အကြံပြု ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။
မိုးတွင်းကာလမှာ ခုခံတော်လှန်ရေးအင်အားစုတွေအနေနဲ့ စားသောက်၊ နေထိုင်ရေး ၊ ဘဏ္ဍာ ရေး အခက်အခဲများ ရှိပေမယ့်၊ တတ်နိုင်သမျှ ပြင်ဆင်ထားပြီး၊ စစ်ဆင်ရေးရဲ့ အခြေခံ လိုအပ် ချက်ဖြစ်တဲ့ ကျည်ဖြည့်ကမ်ပိန်းကို လုပ်ရတာပါလို့ ဆိုပါတယ်။
မိုးဦးလက်ဆောင် ကျည်ဖြည့်ကမ်ပိန်းကို ဇွန် ၅ ရက်မှ ဇူလိုင် ၇ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ကာ ၊ ကျည်ဆံ တတောင့်ကို မြန်မာငွေ ၈ ထောင်ကျပ်ဖြစ်တယ်ဆိုတာနဲ့ နိုင်သလောက် ထောက်ပံ့ ပေးကြဖို့ မေတ္တာရပ်ခံ တင်ပြထားပါတယ်။