စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ အင်းကြီးရွာ၊ ပွဲစမိတ်နှင့် ကိုးလောင်ကျွန်းရွာများအား စစ်ကောင်စီတပ်က MI17 ဖြင့် ဇွန်လ ၇ ရက်နေ့၌ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
၎င်းပစ်ခတ်မှုကြောင့် ေနအိမ်အချို့ မီးလောင်ပြီး အင်းကြီးရွာမှ ပြည်သူတစ်ဦးလက်မောင်းထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
အင်းကြီးရွာသည် ၂ ကြိမ်တိုင်မီးရှို့ခံထားရသည့်ရွာ ဖြစ်သည်။
ဇွန်လအတွင်း ကသာမြို့နယ်ရှိ အင်းကြီးရွာ၊ လှေဘို၊ အင်းရွာသပြေသာ၊ နတ်လှိုင် စသည့် ရွာများအား စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။