စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊အရာတော်မြို့နယ် ကျောင်းသား များသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)နဲ့ ကျေးလက်နေပြည်သူတွေ ပူးပေါင်းပြီး ဒီနေ့ ဇူလိုင်လ(၂၈) ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ် ဆုတောင်း ညသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
ဆုတောင်ညသပိတ်အခမ်းအနားမှာ ဖယောင်းတိုင်ထွန်းညှိကာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း တွေကို ကောင်းရာသူဂတိရောက်ရှိစေဖို့ ဆုတောင်းတာနဲ့ သတိရခြင်းအဖြစ် ကမ္ဘာမကျေဘူး သီချင်း သံပြိုင်သီဆိုခဲ့ကြတယ်လို့ သိရပါတယ်။