ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း ၆ ကျောင်းက ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူတွေအတွက် အသုံးအဆောင်ပစ္စည်းတချို့ကို အဖွဲ့အစည်းတစ်ခုက ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်မီး၊ ဆပ်ပြာ၊ တဘက်၊ အမျိုးသမီး လစဉ်သုံးပစ္စည်း၊ အမျိုးသမီးအသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းသားကျောင်းသူတွေ စိတ်ဖိစီးမှု ပြေပျောက်စေဖို့ ဂိမ်ကစားခြင်းအစီအစဉ်တွေ ပြုလုပ်ခဲ့သလို အာဟာရကျွေးမွေးခြင်းအစီအစဉ်လည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်အရေး ကူညီဆောင်ရွက်တဲ့အဖွဲ့အစည်းတွေဟာ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာကို အဓိက ထောက်ပံ့ပေးတာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို သီးသန့် အသုံးအဆောင်ထောက်ပံ့ပေးတာဟာ ဝေးဝေးမှတခါ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။