တော်လှန်နှုတ်ခမ်းနီအနေနဲ့ ကိုယ်လက်အင်္ဂါတွေဆုံးရှူံးသွားတဲ့ရဲဘော်တွေကိုထောက်ပံ့ဖို့ လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး campaign လေးတခုကိုစတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။
အားလုံးချစ်ခင်လေးစားရတဲ့ ကိုမင်းကိုနိုင်ရဲ့ Digital Art ပန်းချီကားတွေ physical print ထုတ်ပြီး တစ်ကားကို USD500 နဲ့ Limited Edition ကား ၂၀၀ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ပန်းချီကားတချပ်စီတိုင်းမှာ ကိုမင်းကိုနိုင်ရဲ့ ထိုးမြဲလက်မှတ်အပြင် ပန်းချီကားကိုဝယ်ယူပိုင်ဆိုင်သူရဲ့အမည်၊ ပန်းချီကားရဲ့ တရားဝင်အမှတ်စဥ် Serial No. တခုကိုပါ ရေးထိုးပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပန်းချီကားဝယ်ယူသူတွေကိုကျေးဇူးတင်လွှာအပြင် တော်လှန်နှုတ်ခမ်းနီပန်းချီကားပိုင်ဆိုင်မှု unique NFT token တခုစီပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အထက်မှာပြောခဲ့သလိုပဲ ပန်းချီကားရောင်းရငွေအားလုံးကို နွေဦးတော်လှန်ရေးမှာ တိုင်းပြည်နဲ့ပြည်သူအတွက် ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးလှူလိုက်ရသူ ပြည်သူ့သားသမီး သူရဲကောင်းရဲဘော်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
စွန့်လွှတ်ပေးဆပ်ခဲ့သူ ရဲဘော်တွေကို ပြည်သူလူထုကလေးစားချစ်ခင်လျက်ရှိပြီး မေ့မထားကြဘူးဆိုတာကို ပြသဖို့နဲ့ သူတို့အတွက်အတိုင်းအတာတခုအထိ အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
အသေးစိတ်ကိုတော့ တော်လှန်နှုတ်ခမ်းနီ ပေ့ချ်မှာ ဆက်လက်ကြေညာပေးသွားမှာပဲဖြစ်တယ်လို့ ဆိုပါတယ်။