စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က ဇုန်(၅)တွင်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ရှိတဲ့ စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကောလင်းမြို့နယ် ပအဖအဖွဲ့ခေါင်းဆောင်၊ ရုံးအဖွဲ့မှူး၊ခရိုင်လူသားစာနာတာဝန်ခံ၊ အလုပ်သမားရေးရာတာဝန်ခံ၊ CDMကျန်းမာရေးဆရာမ၊စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ပြည်သူ့ဆက်ဆံရေးတာဝန်ခံ(MOCIT)တို့ပူးပေါင်းပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ မတ် ၂၆ ရက် မနက် ၉နာရီကနေ ညနေ ၄နာရီအထိ ကောလင်းမြို့နယ် ဇုန်(၅)တွင်းရှိစစ်ရှောင်စခန်းတစ်ခုက စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးတာ ၊ဆေးဝါးကုသမှု ကူညီစောင့်ရှောက်မှုကို တက်ညီလက်ညီဆောင်ရွက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ စစ်ရှောင်စခန်းတွေကိုလည်း သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။