စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင် စီတပ်သားများက ပြည်သူပိုင်အဆောက်အအုံများ၊ နေ အိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်း များကို ခိုးယူသယ်ဆောင်နေကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ကောလင်းမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအင်အား အမြောက်အများ အသုံးပြုသည့်အပြင် မြေပြင်မှလည်း အင်အား ထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တမြို့လုံးအား ပြန်လည် ထိန်းချုပ်သွားခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကအထိ ကောလင်းမြို့ထဲမှာ မီးရှို့တာနေတာရှိတယ်၊ သူတို့ စဝင်တဲ့နေ့ကတည်းက မြို့ထဲကို မီးရှို့နေတာ တစ်ပတ်ရှိပြီ၊နေ့တိုင်းရှို့နေတာ၊ ပြည်သူတွေကလည်း တောထဲရှောင်နေတဲ့သူတွေလဲရှိ တယ်၊ တခြားရွာတွေဘက်ကပ်ပြီးရှောင်နေတဲ့သူတွေလည်းရှိတယ်။ တစ်မြို့လုံးက ပြည်သူတွေအပြင် မြို့နားနီးစပ်ရာက ရွာတွေပါ ရှောင်နေရတော့ စစ်ဘေးရှောင်တွေ စားဝတ်နေရေးက ရေရှည်ဆိုရင် အဆင်မပြေနိုင်ဘူးဗျ၊ နိုင်ငံတကာက အလှူရှင်အဖွဲ့တွေအနေနဲ့ ကောလင်းက စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ မေတ္တာရပ်ခံချင်တယ်၊ ကိုယ် တိုင်ရောက်ခဲ့တာဆိုတော့ ပိုသိခဲ့ရတယ်”ဟု Infinity Group မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ မြို့ကို ထိန်းချုပ်ပြီးနောက် ကောလင်းမြို့တွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ဝန်းသိုမြို့သို့ သယ် ယူကာ ပြည်သူ ပိုင်အဆောက်အဦးများ၊ နေအိမ်များ၊ လမ်းတံတားများကို နေ့တိုင်း မီးရှို့ဖျက်ဆီးနေ ခြင်းဖြစ်ပြီး ဆုံးရှုံမှုများပြား နိုင်ကြောင်း၊ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ ပြတ်လတ်နေပြီး စစ်ဘေးရှောင်ပြည်သူ များ မှာလည်း တစ်မြို့လုံးအပြင် အနီးအနားကျေးရွာများကပါ တိမ်းရှောင်နေ ရသဖြင့် စား ဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။
ကောလင်းမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဒေသနေပြည်သူအချို့ကိုလည်း အကြမ်း ဖက် စစ်သားများက ဖမ်းဆီးသတ်ဖြတ်ခြင်း လုပ်ဆောင်နေသဖြင့် မြို့ပေါ်နေပြည်သူများ မည် သည့်အကြောင်းနှင့်မျှ မြို့တွင်းသို့ ပြန် လည်ဝင်ရောက်နေထိုင်ခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက သတိပေးထားသည်။
အဆိုပါ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကစတင်၍ ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့များက တိုက် ခိုက်သိမ်းပိုက်ထားခြင်းဖြစ်ပြီး ၃ ကျော်အကြာ၌ အကြမ်းဖက်စစ်ကောင်စီတပ်က ပြန် လည်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။