ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဝင်နေတဲ့ ဒေါနစစ်ကြောင်းမှ ရဲဘော်များအတွက် ဒေသခံပြည်သူတွေက စားနပ်ရိက္ခာများ လာရောက်ကူညီပေးခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြည်သူ့ လုံခြုံရေးဌာန နဲ့ ဘဏ္ဍာငွေရှာဖွေရေးဌာနက မနေ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အခက်အခဲတွေရှိနေတဲ့ကြားမှ ဒေသခံပြည်သူများရဲ့ တော်လှန်ရေးရဲဘော် များအဆင်ပြေပါ စေဆိုတဲ့ စိတ်ရင်းစေတနာကို ဦးညွတ်အလေးပြုတယ်လို့ ဆိုပါတယ်။
ဒေါနစစ်ကြောင်းက ရေးဗျူဟာ စစ်မျက်နှာပြင် နဲ့ ကော့ကရိတ် မြို့တိုက်ပွဲ စစ်မျက်နှာ ၂ ခုမှာ မဟာမိတ် တော်လှန်ရေးတပ်များနဲ့ အတူတူလက်တွဲပြီး တိုက်ပွဲဝင်လျှက်ရှိနေတာပါ။