ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ (၆) ဒူးပလာ ယာခရိုင်၊ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်များ ထွက်ခွာရန် KNU ဗဟိုမှ စာထုတ်ပြီးနောက် လက်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ လက်အောက်ခံ Non CDM ဝန်ထမ်းအချို့ တိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်း ကော့ကရိတ် မြို့၊ကျိုက်ဒုံမြို့၊စုကလိမြို့ ၊ ဝေါ်လေမြိုင်မြို့တို့မှ အကြမ်းဖက်စစ် ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားမှာပါဝင်နေသူများအားလုံး ၇ ရက်အတွင်းထွက်ခွာကြရန်အတွက် ကရင်အမျိုးသားအစည်းအရုံး ၊ကော့ကရိတ်မြို့နယ်က နိုဝင်ဘာ ၁၇ ရက်နေ့က နောက်ဆုံးသတိပေးခဲ့တာပါ။
KNU က သတိပေးစာထုတ်ပြန်ပြီးနောက် ကော့ကရိတ် မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စာသင်ကျောင်းအချို့ ယာယီပိတ်ထားခဲ့ပြီး၊ ဝန်ထမ်းအချို့လည်း တိမ်းရှောင်နေကြတယ်လို့ အမည်မဖော် တဲ့ Non -CDM ဝန်ထမ်း ၁ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIC သတင်းမှာ ဖော်ပြထားပါတယ်။