ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ်၏ ယန္တရားများတွင် ပါဝင်နေကြသူများအားလုံး ၇ ရက်အတွင်း ထွက်ခွာကြရန် KNU က သတိပေးချက်ထုတ်ပြန်လိုက်သည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့ ၊ ကော့ကရိတ်မြို့၊ စုကလိမြို့နှင့် ဝေါ်လေမြိုင်မြို့တို့ရှိ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်ရေး အောက်တွင် ရှိနေသော ယန္တရားတွင် ပါဝင်နေကြသူများအားလုံး ထွက်ခွာပေးရန် အကြိမ်ကြိမ်သတိပေးအပ်ပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခု အမိန့်ထုတ်ပြန်သည့် ရက်မှစ၍ ၇ ရက်အတွင်း မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန် နောက်ဆုံးအကြိမ် သတိပေးအပ်ကြောင်း ဖော်ပြထားသည်။
အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာပါက နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူမည်မဟုတ်ကြောင်း KNU က တရားဝင် အမိန့် သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။