ကရင်ပြည်နယ် ၊ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ဘုန်ကြီးကျောင်းကို မနေ့ညပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ကျားဖြူစစ်ကြောင်းကထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ဇိနသုခဘုန်းကြီးကျောင်းကို မနေ့ညပိုင်းမှာ ဒရုန်းနဲ့ ၆ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့တပ်ခွဲမှူးအဆင့်အပါအဝင် ၂ ဦး သေဆုံးတာကို သိရတယ်လို့ ကျားဖြူစစ်ကြောင်းကဆိုထားပါတယ်။
အခုတိုက်ခိုက်မှုမတိုင်ခင် နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်တွေမှာလည်း ကော့ကရိတ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းရဲ့ လက်နက်ကြီးကုန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေရှိခဲ့တယ်လို့သိရပါတယ်။