ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ (၉၇) တပ်ရင်းအနီးနားဝန်းကျင်မှာရှိတဲ့ ကာကင်းစခန်းတွေနဲ့ လက်နက်ကြီးကုန်းရှိရာ စခန်းတွေကို ပြည်သူ့ ကာကွယ် ရေးပူးပေါင်းအဖွဲ့က မောင်းသူမဲ့လေယာဥ်ငယ်တွေနဲ့ ဝေဟင်ကနေ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ KLOUD PDF ဒရုန်းတပ်ဖွဲ့က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ဒီစစ်ဆင်ရေးကို နိုဝင်ဘာ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး၊စစ်ဆင်ရေးအပြီး အကြမ်း ဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ အထိအခိုက်အကျဆုံးကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က လက် နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဒရုန်း စစ်ဆင်ရေးကို Justice Solider PDF ၊Shar Htoo Waw နည်းပညာရှင်တပ်ဖွဲ့ KLOUD ၊Angry Drone၊ Ranger Power Of Ababil(POA) ၊ကျားဖြူစစ်ကြောင်း တပ်ခွဲ(၅) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။