ကော့သောင်းမြိုက အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို မြိုခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခုလ ၁ ရက်နေ့ ည ၁၀ နာရီလောက်က အေးမြကန်သာရပ်ကွက် အသက် ၂၇ နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနဲ့ ပုလုံးတုံးတုံးက အမျိုးသားတစ်ဦးကို သူတိုရဲ့ နေအိမ်အသီးသီမှာပဲ စစ်ကောင်စီတပ်က ဝင်ဖမ်းခေါ်သွားတယ်လို ဆိုပါတယ်။
မြိုခံတစ်ဦးက “ကားငယ်နှစ်စီးနဲ့ ဆိုင်ကယ်တွေပါလာတယ်။ စကစ၊ ရဲနဲ့ အုပ်ကြီးတွေပါလာတယ်။” လိုပြောပြပါတယ်။
အဆိုပါအမျိုးသားနှစ်ဦးစလုံးကို ကော့သောင်းမြို၊ ၇ မိုင်မှာရှိတဲ့ စစ်ကြောရေးစခန်းမှာဖမ်းဆီးခံထားရတယ်လိုသိရပြီး ဘာကြောင့်ဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့ မသိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ၂၄ ရက်နေ့ညကလည်း ကော့သောင်းမြိုက ဆယ်ကျော်သက်လူငယ်တွေအပါအဝင် အရပ်သား ၂၇ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါအရပ်သားတွေကလည်း ဒီကနေ့ထိ တစ်ယောက်မှလွတ်မြောက်လာတာမျိုးမရှိသေးဘူးလို အဖမ်းခံထားရတဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက တဆင့်သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ညကစလို ကော့သောင်းမြိုကို ကုန်းလမ်းရောရေလမ်းကိုပါ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖုန်းတွေကိုစစ်ဆေးတာ၊ ညဘက်ကင်းလှည့်ရင် လုံခြုံရေးအင်အားတိုးမြှင့်ချထားတာတွေ လုပ်ဆောင်လာတယ်လို သိရပါတယ်။