ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ ကေးဖိုးဒူ သင်တန်းကျောင်းမှ ကျောင်းသူ/သားတွေဟာ ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ သင်တန်းအတွင်း ပြုလုပ်တဲ့ လက်မှုထုတ်ကုန်တွေကို ရောင်းချလျက်ရှိနေပါတယ်။
သင်တန်းသူ၊သင်တန်းသားတွေက ထုတ်လုပ်ထားတဲ့ လက်မှုပစ္စည်းတွေကို ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ယခု ခက်ခဲနေတဲ့ ကာလမှာပဲ လက်မှုထုတ်ကုန် ပစ္စည်းတစ်မျိုးကို ၁၅၀၀၀ ကျပ်အထိ ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။
လက်မှုပစ္စည်းတွေကတော့ ကယားရိုးရာလွယ်အိတ်၊ ကယားရိုးရာအထည်၊ ပလိုင်း၊ စကော စတာတွေဖြစ်ပါတယ်။
အဆိုပါ ကေးဖိုးဒူသင်တန်းကျောင်း ဟာ တက်သစ်စလူငယ်တွေရဲ့ အခွင့်အလမ်းနဲ့ လူငယ်တွေကို လေလွင့်မနေအောင် ဦးစားပေး၊ ဆွဲခေါ်ကာသင်ကြားပေးခဲ့တယ်လို့ သင်တန်းကျောင်းဖွင့်လှစ်ပေးတဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။