ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ကေးဖိုးဒူ သင်တန်းကျောင်းရဲ့ အပတ်စဥ် (၂) သင်ကြားရေးကာလအတွက် သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ သြဂုတ်လ တတိယအပတ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဖရူဆိုမြို့နယ်အတွင်းရှိ ကေးဖိုးဒူ သင်တန်းကျောင်းဟာ အခြေခံ အင်္ဂလိပ် ဘာသာရပ်နဲ့ ကယားစာပေဘာသာရပ်ကို အဓိကသင်ကြားပေးတာဖြစ်ပြီး ကွန်ပျူတာ ဘာသာရပ် နဲ့ အခြေခံ လက်မှုပညာတွေကိုလည်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။
ယခု သင်တန်းကို ၅ လကြာ သင်ကြားခဲ့တာဖြစ်ပါတယ်။ ဆရာ/မ (၇) ဦးရှိပြီး ကျောင်းသူ/သား စုစုပေါင်း အယောက် ၃၀ကျော် ကို သင်ကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲမှာ အပတ်စဥ် (၂) မှ ကျောင်းသူ၊ကျောင်းသား စုစုပေါင်း ၃၀ ကျော်ကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။