စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ဘုန်းကြီးကျောင်းတခုမှာ တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေအတွက် ရည်စူးကာ ဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ ထောက်ပို့အဖွဲ့ဝင်တဦးဆီက သိရပါတယ်။
ဩဂုတ် ၁ ရက် ဒီနေ့ မနက် ၉ နာရီက နွေဦးလူငယ်အင်အားစု ထောက်ပို့အဖွဲ့နဲ့ ကျေးလက်ပြည်သူတွေ ပူးပေါင်းကပ်လှူခဲ့ကြတာ ဖြစ်တယ်လို့ဆိုပါတယ်။
ကျဆုံးရဲဘော်တွေနဲ့ ပြည်သူတွေအတွက်လည်း ရေစက်ချတရားနာခဲ့ကာ သင်္ကန်းခြင်း၊ ဆေးခြင်းနဲ့ နဝကမ္မအလှူငွေ ကပ်လှူခဲ့ကြပြီး ကျေးရွာနေပြည်သူတွေကလည်း သစ်သီးဝလံတွေ ကပ်လှူခဲ့ကြတယ်လို့ သိရပါတယ်။