အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကျန်းမာရေဝန်ကြီးဌာနက မြေပြင်မှာ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်လုပ်ငန်းတွေကို သိရှိစေနိုင်ဖို့အတွက် ဆွေးနွေးပွဲတွေ ၊ သင်တန်းတွေကို လုပ် ဆောင်နေတယ် လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၃ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့တာတွေကို အစီရင်ခံတင်ပြရာမှာ အခုလိုမျိုး ထည့်သွင်းဖော်ပြခဲ့တာပါ။
မြေပြင်ဆေးရုံ ဆေးခန်းများ အရေးပေါ် ဆေးကုသရေးဆိုင်ရာ အပတ်စဉ်ဆွေးနွေးပွဲတွေကို ၈၆ ကြိမ်အထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် မြေပြင်မှာ ရှေးဦးသူနာပြုစုခြင်းသင်တန်းများ ၊ အရေးပေါ် ဆေးဝန်ထမ်းသင်တန်းများ ၊ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာကုသခြင်း သင်တန်းများ ၊ ဓာတုလက်နက် တုံ့ပြန်ရေး သင်တန်း များကို ဖွင့်လှစ် ပို့ချခဲ့တယ်လို့လည်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ ဆေးတပ်အတွက်ကိုလည်း သင်တန်းပို့ချမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။