ကျိုက်စကောအကျဥ်းထောင်၌ စစ်ကောင်စီ၏ ဖမ်း ဆီးချုပ်နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဥ်းသား ကိုသန့်ဇင်ဝင်းသည် စစ်ကြောရေးသို့ အပိုခံရစဥ် သေဆုံးသွားကြောင်း ပဲခူးမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
ကိုသန့်ဇင်ဝင်းသည် ပဲခူး(ပကဖ)မှ လေ့ကျင့်စု ဆောင်းရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် အခြားရဲဘော်များနှင့်အတူ စစ်ကောင်စီ ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။
ထို့နောက် ကိုသန့်ဇင်ဝင်းအား စစ်ကောင်စီက ပုဒ်မ ၅၄၊ ၅၀၅၊ ၅၁၊ ၅၂ စသည့် မတရားပုဒ်မများတပ်ကာ ထောင်
ဒဏ် နှစ်ပေါင်း(၈၀)ကျော်အထိ ချမှတ်ထားသော်လည်း
မပြီးပြတ်သေးသည့်အမှုများအား ဆက် လက်ရင်ဆိုင်နေရစဥ် ယမန်နေ့(မေ ၂၆)က အခြားသောနိုင်ငံရေးအကျဥ်းသား ၃ ဦးနှင့်အတူ စစ်ကြောရေးသို့ ပို့ခံရခြင်းဖြစ်ကြောင်း ပဲခူး(ပကဖ)က အသိ ပေးသည်။
အပြင်သို့ ခေါ်ထုတ်ခံရပြီးနောက် ကိုသန့်ဇင်ဝင်းသေဆုံးသွားပြီဖြစ်ကြောင်းကို ခိုင်လုံသောသတင်းရင်းမြစ်ထံမှ သိရှိရပြီးနောက် မိသားစုမှ ထောင်အာဏာပိုင်များထံ စုံစမ်းခဲ့သော်လည်း ကိုသန့်ဇင်ဝင်း အသက်သေဆုံးခြင်းရှိ ၊မရှိကို တိကျသေချာစွာဖြေကြားခြင်းမရှိဘဲ ငြင်းဆန်ခဲ့သည်ဟု သိရသည်။
“ဘာကြောင့်(အပြင်)ခေါ်မှန်းတော့ မသိရသေးဘူးဗျ။ စစ်
ကြောရေးပို့တယ်ပဲ သိရသေးတာပါ။သူ့အမှုကတော့မကုန်
သေးပါဘူး”ဟု ပဲခူး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
ကိုသန့်ဇင်ဝင်းနှင့်အတူ ကျိုက်စကောအကျဥ်းထောင်မှ အခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးကိုပါ စစ်တပ်က အပြင်သို့ခေါ်ထုတ်ခဲ့ပြီး ထိုသုံးဦးမှာလည်း ယနေ့(မေ ၂၇)အထိ သတင်းအစအနပင် မရသေးကြောင်း၊ အလားတူ ယနေ့တွင်လည်း အကျဥ်းသားအချို့အား အပြင်သို့ထပ်မံခေါ်ထုတ်မှုများရှိနေကြောင်း ပဲခူး(ပကဖ)က ဆိုသည်။
စစ်ကောင်စီက ယခုနောက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများအား အကျဥ်းထောင်ပြင်ပသို့ ခေါ်ထုတ်စစ်ဆေးမှုများရှိရာ မေ ၂၁ မှ ၂၄ ရက်အထိ မြင်းခြံအကျဥ်းထောင်မှ အကျဥ်းသား ၁၁ ဦးကို အပြင်သို့ခေါ်ထုတ်ညှင်းပန်းနှိပ်စက်မှုများရှိနေပြီး တစ်ဦးသေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။