မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် အမှတ်၂၀၇ တပ်ဖွဲ့မှလမ်းများလိုက်ဖျက်ဆီးဖြတ်တောက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ကိုမေလ၂၅ရက်ညအချိန် ကျောက်ပုံကြီး ကွင်းတွင်knlaမဟာမိတ်ပူးပေါင်းအဖွဲ့တို့မှသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံမဟာမိတ်တာဝန်ရှိသူထံမှသိရှိရပါတယ်။
ကျောက်ပုံကြီးကွင်းထိတွေ့ပစ်ခတ်မှုမှာစစ်ကောင်စီဘက်မှသေဆုံးထိခိုက်ဒဏ်ရာရှိတယ်လို့သိရပေမဲ့ အသေးစိတ်ကို မသိရဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရတဲ့ကျောက်ပုံကြီးလမ်းဆုံနေရာမှာဓါတ်မီးတိုင်နှင့်တောင်ဘက် ပေ ၁၀၀အထိသွေးကွက်နှင့်သွေးစက်များကျရာတွေ့ရှိရတယ်လို့ သူကဆိုပါတယ်။ knlaမဟာမိတ်ပူးပေါင်းအဖွဲ့တို့ထိခိုက်မှုတစ်စုံတစ်ရာမရှိဘူးလို့ဆိုပါတယ်။
သိမ်ဇရပ်သို့သွားရောက်နိုင်သောလမ်းများအားဖျက်စီးမှုတစ်စုံတစ်ခုမှမရှိသေးဘူးလို့သိရှိရပါတယ်။