မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကွာရီကျေးရွာဘက်သို့ ဝင်ရောက်လာသောကင်းပုန်းစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲဝင်တစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၈ ရက် နေ့လည်ပိုင်းက ကျိုက်ထိုမြို့နယ်၊ KNU တပ်မဟာ ၁ နယ်မြေ၊ တပ်ရင်း ၃ အတွင်းရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ်သား ၅၀ ခန့်သည် ကွာရီရွာဘက်သို့ ကင်းပုန်းဝပ်ရန် စစ်ကြောင်းထိုးလာစဉ် M79 ဗုံးသီး ၆ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မရမ်းချောင်စစ်ဆေးရေးဂိတ်ကနေ ကွာရီရွာဘက်ကို ကင်းပုန်းလာဝပ်တာ၊ ၄ ယောက်ဒဏ်ရာရ တယ်။” ဟု တော်လှန်ရေးတပ်ဖွဲဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Eagle Forces (Thongwa PDF) နှင့် သေမင်းတမန် (Local PDF) နှစ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများဘက်မှ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။