မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ဘီလင်းမြို့နယ်ဆက်သွယ်ထားသော သံတံတားစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သားများကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသတင်းရင်းမြစ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁ ရက်နေ့နှင့် ဇွန်လ ၃၀ ရက်နေ့တို့တွင် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်သို့ ဆက် သွယ်ထားသည့် သံတံတား၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေ ဆုံးပြီး ထိခိုက်ဒဏ်ရာရ အကြမ်းဖက် စစ်သားများကို အရေးပေါ်ကားများဖြင့် ဝင်ရောက် သယ်ဆောင်ပြီး ကျိုက်ထိုမြို့နယ်ဆေးရုံသို့ ၃ ဦးပို့ဆောင်ထားကြောင်း သိရသည်။
“ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က ဒရုန်းနဲ့ ဗုံးကျဲခဲ့တာ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေပါပဲ၊ ကျိုက်ထိုဆေးရုံကို ၃ ယောက်ပို့ထားတယ်လို့ သိရတယ်၊ မနေ့က ဗုံးကျဲမှုမှာ စစ်ခွေး ၄ ဦး အနည်း ဆုံးသေတယ်လို့ သိရပါတယ်” ဟု Kyaikhto Information Organization မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁ ရက်နေ့ ဗုံးကျဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ (ခမ်းဒေါမ်)မှ ထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က အဆိုပါသံတံတားရှိအကြမ်းဖက်စစ်သားများကို ကျိုက်ထိုတော်လှန်ရေးအင်အား စု- KRF ၊ KNLA ၊ PDF ၊ TPDF – KD၊ Yangon Eagle Forceနှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်းအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။