မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကော့ဝမ်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေးအဖွဲ့တွေက ဧပြီ ၉ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်ချအညံ့ခံခဲ့ကြပြီး လက်နက် ၁၀ လက်၊ ကျည် ၅၄၃ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
BELU ယက္ခဒီပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ SG Production အဖွဲ့၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး)NMSP AD တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။